သက်ရှိစည်းရိုးဟောင်းကြီးတွေ

တို့အရိုးတွေနဲ့
စည်းရိုးလုပ်ကာ
တိုင်းတပါး ဝင်မလာဖို့
ရင်မှာသေနတ်
နာနာ ဆွဲကပ်ရင်း
နယ်စပ် စွန်ဖျားမှာ

ငါ… စစ်သားဖြစ်ခဲ့ဖူးတယ်။

ငါတို့ခိုင်မာလို့
ရန်သူဆိုတာက
ခေါင်းလာမဖော်
မော် မကြည့်ရဲ
အောင်ပွဲဆိုတာက
တိုက်ရဲသူတွေအတွက်
အသက်က “စပယ်ယာ”မပါ
“လိုက်ပွဲ”ဆိုတာ မရှိတဲ့

ငါတိုရဲ့..အသက်ဝိညာဉ်တွေ။

တစ်ခါပဲ သေရမယ့်အသက်
ငါတို့က နှစ်ခါမမက်ဘူး
အသက်ထက် မြတ်နိုး
တန်ဖိုး အနဂ္ဂမှာ
ရေမြေအချုပ်အခြာနဲ့
မြန်မာ ကိုယ့်လူမျိုးအတွက်
“စည်းရိုးဟောင်းကြီး” တွေက
အချိုးလည်း မပြောင်း
အကြောင်းလည်း မရွေး

မဆွေးမြေ့ကြသေးဘူး။

အရေးဟေ့ ဆို
မင်းတို့ရဲ့ ရှေ့မှာ
ငါတို့.. “သက်ရှိစည်းရိုးဟောင်းကြီး” တွေက
ခုထက်ထိ..စည်းရိုးထိုးကောင်းနေကြတုန်း။ ။

ကျော်ထွဋ်ခေါင်

နိုင်ငံတော်အတွက်သက်စွန့်ကာကွယ်ထမ်းရွက်နေတဲ့ တပ်မတော်သားအားလုံးကို လေးစားဂုဏ်ယူလျက်ပါ..။