မန္တလေးမြို့မှာကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်

ခရစ်နှစ် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၌ကျင်းပသည့် နှစ်သစ်ကူးပွဲတော်မှာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ထိုသို့ နှစ်သစ်ကူးအခါသမယကို ဆင်နွှဲနိုင်ရန် အတွက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် စီစဉ်ဆောင်ရွက်ပေးထားပြီး မန်းစည်ပင်ခေတ်ပေါ် တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးနှင့် DJ အစီအစဉ်များဖြင့် တွဲဖက်၍ နိုင်ငံကျော် အဆိုတော်များ၊ သရုပ်ဆောင်များ၏ မြူးကြွစွာ သီဆိုဖျော်ဖြေခဲ့ကြသည်။

ပွဲတော်လာပြည်သူများသည် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့် ည ၁၂ နာရီမရောက်မီ နှစ်ကူး Countdown ကို တပျော်တပါး ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

crd; 𝙢𝙝𝙩𝙣𝙚𝙬𝙨