ကျောက်တော်ကြီး ဘုရားပွဲ

မန္တလေးမြို့မှာ ထင်ရှားတဲ့ ဘုရားပွဲတစ်ခုကတော့ ကျောက်တော်ကြီး မြတ်စွာဘုရားပွဲတော်ပဲ ဖြစ်ပါတယ်။
ကျောက်တော်ကြီးဘုရားဟာ မန္တလေးတောင်ခြေမှာ တည်ရှိပါတယ်။ ပွဲတော်ကျင်းပတဲ့ရက်တော့ သီတင်းကျွတ်လဆန်း ၁၀ ရက်လောက်ကနေ
သီတင်းကျွတ် လပြည့်ကျော် ၅ ရက်လောက်ထိ ကျင်းပပါတယ်။

ရပ်နီးရပ်ဝေးက ဘုရားဖူးတွေလာကြတာဖြစ်ပြီး မန်းလေးနဲ့ နီးတဲ့ မတ္တရာဘက်က ရွာတွေကတော့ နွားလှည်းတွေနဲ့ လာကြတာပါ။
ဘုရားပွဲမှာ အစည်းကားဆုံး ရက်ကတော့ သီတင်းကျွတ် လပြည့်နေပဲ ဖြစ်ပါတယ်။

ဘုရားပွဲမှာ မုန့်ပဲ သရေစာ အကုန်ရောင်းချပါတယ်။ ဖျာ/ သင်ဖြူးတွေလည်း ရောင်းပါတယ်။ အဝတ်အထည်၊ အသုံးအဆောင် အကုန်
ရောင်းချပါတယ်။

ဘုရားပွဲတော် ကျင်းပတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကျောက်တော်ကြီး