ရန်ကုန်သူ ရန်ကုန်သားတွေအတွက် ရေပေါ်ညဈေး

ရန်ကုန်မြို့မှာ ပထမဆုံးဖွင့်လှစ်မယ့် ရေပေါ်ညဈေးကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတား အမှတ် (၅)မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြစ်ရဲ့ အလှအပတွေကို အများပြည်သူတွေ လေ့လာလို့ရအောင် ရည်ရွယ်တာဖြစ်ပြီး ရိုးရာအစားအစာနဲ့ နိုင်ငံတကာအစားအစာတွေကို ဦးစားပေးရောင်းချသွားမယ်လို့လည်း သိရပါတယ်။

လာရောက်ရောင်းချချင်သူတွေအနေနဲ့လည်း တိုင်းရင်းသားရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်ပြီး လာရောင်းလို့ရပါတယ်တဲ့ရှင်။

ပုံမှာပြထားတဲ့ ဆိုင်ခန်းကတော့ ခွင့်ပြုထားတဲ့ဆိုင်ခန်းပုံစံပါ။ ဆိုင်းခန်းငှားခကတော့ အခမဲ့ဖြစ်ပြီး နေရာဖိုးအတွက် ၃၀၀၀၀ တော့ ပေးရပါမယ်တဲ့။ ရေ၊ မီး၊ စားသုံးသူတွေအတွက် နေရာထိုင်ခင်းကိုတော့ တာဝန်ယူကျင်းပပေးတဲ့ ကုမ္ပဏီက စီစဉ်ပေးမှာဖြစ်ပါတယ်တဲ့။

စီးပွားရှာလို့ကောင်းတဲ့ အနေအထားပဲ။ လှုပ်ရှားလိုက်ကြတော့ ဈေးသည်အပေါင်းတို့ရေ………