မဏိပူရပြည်နယ်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သော မဏိပူရပြည်နယ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ မကြာမီပြန်ပို့သွားမည်ဖြစ်ကြောင်း မဏိပူရပြည်နယ် အကျဉ်းထောင်နှင့် နီးစပ်သောသတင်းအရင်းအမြစ်တစ်ခုက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံအခြေစိုက် Northeast Now သတင်းဌာနတွင် ဖော်ပြထားသည်။ ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသားများနှင့် မဏိပူရပြည်နယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများကို မကြာခင် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု အဆိုပါအကျဉ်းထောင်နှင့် နီးစပ်သောသတင်းအရင်းအမြစ်ကပြောသည်။