ဇီလင်စကီးပါတီက Serhii Batryn ဆိုသူမှ အစည်းအဝေးခန်းထဲဝင်ရောက်လာပြီး လက်ပစ်ဗုံးဖောက်ခွဲ

ယူကရိန်းအနောက်ပိုင်းက ယူကရိန်းထိန်းချုပ်နယ်မြေ Transcarpathia မှာ ဥပဒေပြုအမတ်တွေ အစည်းအဝေးလုပ်နေချိန် ဇီလင်စကီးရဲ့ ပါတီက Deputy အဆင့်ရှိတဲ့ Serhii Batryn ဆိုသူဟာ စည်းဝေးခန်းထဲ ဝင်လာပြီးနောက် ဗုံးတွေပစ်ချကာ ဖောက်ခွဲခဲ့ပါတယ်။

ဗီဒီယိုမြင်ကွင်းအရ သူဟာ အခန်းတွင်းဝင်လာပြီး စက္ကန့်အနည်းငယ် အကြာမှာပဲ တံခါးပေါက်ကို ကျောမီပိတ်ထားကာ ဗုံးတွေ ပစ်ချခဲ့တာပါ။

ဒေသမီဒီယာတွေအဆိုအရ ဒီဗုံးဖောက်ခွဲမှုမှာ သူကိုယ်တိုင်သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရကာ ၆ ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ Keretskovsky ရွာက ကောင်စီအဆောက်အဦးမှာ ဖြစ်ပွားခဲ့တာလို့လည်းသိရပါတယ်။

NOM