သခင်မြပန်းခြံအနီး နေအိမ်တစ်အိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊အမှတ်(၈)ရပ် ကွက်တွင် မတ် ၂ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီ ၃၈ မိနစ်ခန့်က နေအိမ်တစ်အိမ်မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

လမ်းမတော်မြို့နယ်၊အမှတ်(၈)ရပ်ကွက်၊သခင်မြပန်းခြံအနီး၊အောင်ရတနာလမ်းရှိ နေအိမ်တစ်အိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအား နံနက် ၄ နာရီ ၅၀ မိနစ်တွင် Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးထိန်းနိုင်ခြင်းမရှိသဖြင့်ထပ်မံအားဖြည့်ငြိမ်းသတ်ခဲ့ရသည်ဟု သိရှိရပါတယ်။