ယူကရိန်းနိုင်ငံအနီးမှာ နျူကလီးယားလက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်ဖို့ ရုရှားသမ္မတ အမိန့်ထုတ်

ယူကရိန်းနိုင်ငံအနီးမှာ နျူကလီးယားလက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်ဖို့ ရုရှားစစ်တပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အမိန့်ထုတ်ပြန် ညွှန်ကြားလိုက်တယ်လို့ မေလ ၆ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

လေ့ကျင့်ရေး စစ်ကြောင်းတွေမှာ ရုရှားရေတပ်နဲ့ ရုရှားစစ်သားတွေ ပါဝင်တဲ့ စစ်တပ်က စစ်ရေးလေ့ကျင့်သွားမှာဖြစ်ပေမယ့် ယူကရိန်းနိုင်ငံအနီးမှာ အခြေစိုက်ထားတဲ့ ရေတပ်စစ်သားတွေပါဝင်မှာ မဟုတ်ဘူးလို့ ရုရှာကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုလို စစ်ရေးလေ့ကျင့်စဉ်မှာ မဟာဗျူဟာမြောက် နျူးကလီးယားလက်နက်တွေကို အသုံးပြုသွားမှာမဟုတ်ဘဲ မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက်တွေကိုသာ ပြင်ဆင်တာ၊ အသုံးပြုတာတွေနဲ့၊ လေ့ကျင့်တာတွေစတဲ့ အစီအမံတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

အနောက်အုပ်စု တာဝန်ရှိသူအချို့ဆီက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ရုရှားရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အခုလိုလေ့ကျင့်မှုကို ပြုလုပ်ဖို့ စီစဉ်တာဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက နိုင်ငံတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ နျူကလီးယားကိစ္စတွေကို ထုတ်ဖော်ပြောဆိုခဲ့တာတွေရှိခဲ့ပြီး နျူကလီးယားစစ်ပွဲအန္တရာယ် တကယ်ရှိနေသည်ဟု ပြောကြားခဲ့ပြီးနောက် အခုလို နျူကလီးယားလက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်ဖို့ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်းသမ္မတ ဇလန်းစကီးကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး အလိုရှိသူစာရင်းထဲ ထည့်သွင်းထားတယ်လို့ ပြီးခဲ့တဲ့ မေလ (၄ )ရက်နေ့က ရုရှားနိုင်ငံပိုင် သတင်းစာက ဖော်ပြအပြီး နှစ်ရက်မြောက်တဲ့ဒီကနေ့ မေလ ၆ ရက်နေ့မှာ ယူကရိန်းနိုင်ငံအနီးမှာ နျူးကလီးယားနက်တွေနဲ့ စစ်ရေလေ့ကျင့်ဖို့ ရုရှားသမ္မတက အမိန့်ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။

crd//mhtnews