ဒီဇင်ဘာလ ၁၂ ရက်နေ့တိုက်ပွဲသတင်းများ

၁။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ပန်းချီကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ ဝင်များနှင့် PDF ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄၇ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၂။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအနီး ကက္ကူလမ်းဆုံသို့ ချီတက်စဉ် ၎င်းရွာအရှေ့တောင်ဘက်သို့အရောက် KIA+PDF ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျည်အိမ် ၅ ခု၊ ကျည် ၂၂၀ တောင့်၊ ဗုံးသီး ၁၉ လုံး၊ ဒုံးသီး ၂ လုံး၊ ပို့ကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ရီမုမိုင်းခလုတ် ၂ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၃။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အောင်ဇေယျရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့များနှင့် PDF ၇၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး PDF ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၄။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ PDF အကြမ်းဖက်များထိန်းချုပ်မောင်းနှင်သည့် Drone ၂ စီး ဗုံးသီး ၃ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ချတိုက်ခိုက်ခဲ့ရာ Fixed Wing Drone ၂ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၅။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် လမိုင်းကျေးရွာဘုန်းကြီးကျောင်းသို့ PDF ၈၀ ဦးခန့်က Drone ၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ကျား ၁ လောင်း၊ KA-25 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။