MNDAA အဖွဲ့များ၏ အဓမ္မလူသစ်စုဆောင်းခြင်းခံနေရသော ပလောင်လူမျိုးများ

MNDAA အဖွဲ့က ပလောင်လူမျိုးတွေကို အသေခံတိုက်ခိုက်ခိုင်းဖို့အတွက် အဓမ္မလူသစ်စု ဖမ်းဆီးနေတာကြောင့် အဖမ်းခံရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ မိဘတွေက တောင်းဆိုနေကြရတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက် MNDAA များအနေဖြင့် တိုက်ပွဲများအတွင်း တပ်မတော်(လေ) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရသူများ များပြားလာခြင်းကြောင့် ယခုကဲသို့လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့လည်း လက်နက်ကိုင်များအတွင်းသတင်းအရသိရှိရပါတယ်။ TNLA အနေဖြင့် ကိုယ့်ပလောင်လူမျိုးတွေကို ဖမ်းဆီးလူသစ်စုပြီး အသေခံတိုက်ခိုင်းနေတဲ့ MNDAA ကို ဘာမှပြန်မပြောရဲတဲ့အပြင် TNLA တို့ရဲ့လုပ်ရပ်များကြောင့် ပလောင်လူမျိုးတွေ ဒီထက်ပိုပြီး ဒုက္ခရောက်ရဖို့ပဲရှိပါတော့တယ်…