မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်၊ စိုင်းဒူးကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ စခန်း ၁ ခုအား သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မနေ့က နံနက် ၈ နာရီခန့်တွင် ဂန့်ဂေါမြို့နယ် စိုင်းဒူးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များသည် PDF အကြမ်းဖက်သမားများ၏ စခန်း ၁ ခုအား တွေ့ရှိရသဖြင့် ဝင်ရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ

  • လက်လုပ်စိန်ပြောင်း ၁၅ လက်
  • လက်လုပ် ၄၀ မမ သေနတ် ၄ လက်
  • ၁၂ ဗို့ကျည် ၁၈၀ တောင့်
  • လက်လုပ်ဗုံးသီး ၄၀ လုံး
  • လက်လုပ်မိုင်း ၁၀ လုံး
  • ယမ်းစိမ်းမှုန့် ၁.၅ ပိဿာ
  • ယမ်းကြိုး ၁ ခွေ
  • ဝါယာကြိုး ၂ ခွေ
  • တဲ ၃ လုံး
  • ဒန်အိုးမျိုးစုံ ၇ လုံး
  • ရေတိုင်ကီ ၂ လုံး
  • ကျည်ကာအင်္ကျီ ၅၀ ထည်
  • ပြောက်ကျားဝတ်စုံ ၈ စုံ
  • လည်စီး ၂၀ ခု
  • အလံနီ ၁ ထည်
  • ဆိုလာပြား ၁ ချပ်
  • ၁၂ ဗို့ ဘတ္ထရီ ၂ လုံး
  • နှာခေါင်းစီး ၈၀ ခု
  • ဝရိန်းစက် ၁ လုံး
  • ဆိုင်ကယ် ၂ စီး
  • ဆန်အိတ် ၂ အိတ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။