မြိုင်မြို့နယ်၌ တပ်မတော်နှင့် PDF အကြမ်းဖက်အဖွဲ့ ထိတွေ့မှုဖြစ်

ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် အဖျက်အမှောင့် လုပ်ဆောင်နေသော PDF အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများထံမှ PDF အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်ဆံ ၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်မိုင်း ၁ လုံး၊ နီနက် ဝါယာကြိုး ၁ ခွေ၊ အိုင်ကွန် ၁ လုံးနှင့် ဓားမြှောင် ၁ ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။