ဝက်လက်မြို့နယ်၌ PDF အကြမ်းဖက် ၁ ဦးအား လက်နက်နှင့်အတူ အသေဖမ်းဆီးရမိ

ဇွန်လ ၂၀ ရက်နေ့ မနေ့က ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သာစည်လေးကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မသင်္ကာသော ဆိုင်ကယ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက် ၁ ဦးသေဆုံးပြီး လက်လုပ်သေနတ် ၁ လက်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ဆံ ၅ တောင့်နှင့် ဆိုင်ကယ် ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။