PDF များက အရပ်ဘက် ကူးတိုဇက်ရေယာဉ်အား လက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်

ဇန်နဝါရီ ၁၈ ရက် နေ့တွင် စဉ့်ကူးမြို့နယ် သာယာဝတီကျေးရွာရှိ ကူးတိုဆိပ်၌ ဦးဝင်းညွန့် ၆၀ နှစ်၊ ထုံးကြီးကျေးရွာ၊ စဉ့်ကူးမြို့နယ်နေသူပိုင်ဆိုင်သည့် ကူးတိုဇက်ရေယာဉ်သည် ခရီးသည်များ အတင်အချ ပြုလုပ်နေစဉ် PDF ၆ ဦးခန့်က ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာပြီး ခရီးသည်များ မောင်းထုတ်ကာ ရေယာဉ်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ၍ လက်နက်များဖြင့်ပစ်ခတ်ကာ ပေါက်ကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်..

PDF များ၏ ပစ်ခတ်မှုကြောင့် ရေယာဉ်မှာ နစ်မြုပ်ခဲ့ပြီး ရေယာဉ်ပိုင်ရှင် ဦးဝင်းညွန့်မှာ ဘယ်လက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ခရီးသွား သံဃာ ဦးတိဿ ၄၉ နှစ်(ဝါတော် ၂၉ ဝါ)၊ ရွှေညောင်တောင်ကျောင်းတိုက်၊ ကြာဥယျာဉ်ကျေးရွာ သီတင်းသုံးသူမှာ ဘယ်နားရွက်မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါတယ်..