ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာတွင် ယမန်နေ့ ညနေ ၅နာရီခွဲခန့်က PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ရာ လုံခြုံရေးအဖွဲဝင်များက ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ရပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရပြီး လူ/အဆောက်အဦး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။