ရွှေဘို မင်းဘေးရွာနှင့် ဇီးဖြူကုန်းရွာ ဆက်သွယ်ထားသည့် တံတားအား PDF အကြမ်းဖက်သမားများမှ မိုင်းခွဲဖျက်ဆီး

ပြည်သူများသွားလာ အသုံးပြုနေသော ရွှေဘိုမြို့နယ် မင်းဘေးရွာနှင့် ဇီးဖြူကုန်းရွာတိုအကြား ဆက်သွယ်ထားသည့် သစ်သားမူးကူးတံတားအား ဩဂုတ်လ ၉ ရက် ညနေ ၃ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကျေးရွာချင်းဆက်လမ်းရှိ တံတားမှာ ပျက်စီးသွားခဲ့ပြီး လူနှင့်ယာဉ်များ သွားလာနိုင်ခြင်း မရှိတော့သဖြင့် ဒေသခံပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာနေသော စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများတွင် အခက်အခဲဖြစ်ပေါ်နေကြောင်းလည်းသိရပါတယ်။