ခင်ဦးမှာ အကြမ်းဖက်သမားတွေကြောင့် သာမဏေ ၁ ပါး ပျံလွန်

ဩဂုတ်လ ၉ ရက်နေ့(မနေ့) ည ၇ နာရီခန့်မှာ ခင်ဦးမြို့နယ် မကျီးတုံကျေးရွာအတွင်း PDF အကြမ်းဖက်သမားများမှ လက်လုပ် စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲကာ စာဝါများသင်ယူနေသည့် သက်တော် ၁၄ နှစ်အရွယ် “ရှင်ပညိန္ဒ” ပျံလွန်တော်မူသွားခဲ့သလို အဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။