လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျူစောထီး ၂၀ လောက်ကို ခေါ်ထုတ်သွားတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေး

ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာက တိုက်နယ်(၁)အချုပ်ထောင်ကို စစ်တပ်က ဝင်စီးပြီး ဖမ်းဆီးထားတဲ့ ဖိုကုန်းကျေးရွာက ပျူစောထီးတွေ လွတ်မြောက်သွားကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ သြဂုတ် ၉ ရက် မနေ့ မနက် ၅ နာရီမှာ စစ်တပ်က အင်အား ၈၀ လောက်နဲ့ အချုပ်ထောင်ကိုဝင်စီးပြီး ပျူစောထီး ၂၀ လောက်ကို ခေါ်ထုတ်သွားတာဖြစ်ပါတယ်လို့ မြေလတ်အသံမှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၉ ရက်နေ့၌ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာတွင် PDF များ ခိုအောင်နေထိုင်ကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ PDF များ ထွက်ပြေးသွားပြီး ၎င်းရွာရှိ အချုပ်ခန်းတွင် PDF များရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသော ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းရွာမှ ဒေသခံ ၂၀ ဦးအပြင် နွားအကောင်ရေ ၂၀၄ ကောင်၊ ဆိတ် ၈၅ ကောင်၊ သိုး ၂၆၃ ကောင်တို့အား PDF များရန်မှ လွတ်မြောက်အောင် ကယ်ထုတ်သွားတာဖြစ်ကြောင်းနှင့် PDF များ အခြေပြုတဲ့နေရာများမှ လက်လုပ်သေနတ်အရှည် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၂ လုံးနှင့် လက်လုပ်မိုင်းမျိုးစုံ ၁၆ လုံး တို့ကိုလည်း သိမ်းဆည်းရရှိသွားကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ အပြစ်မဲ့ပြည်သူများကို PDF များက အ‌ကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကိုအမှန်မရေးဘဲ မြေလတ်အသံ မှ အများပြည်သူများ အထင်အမြင်မှားစေရန် အောက်တန်းကျစွာ စွပ်စွဲရေးသားထားခြင်းသာဖြစ်ပါတယ်။