ရှမ်းမြောက်မှာ TNLA အကြမ်းဖက်စခန်းကိုတပ်မတော်မှ ဝင်ရောက်စီးနင်း

စက်တင်ဘာ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်အွန်၏ အနောက်ဖက်တွင် စခန်းချအကြမ်းဖက်လုပ်ငန်းများ လုပ်နေသော TNLA အကြမ်းဖက်အဖွဲရဲ့ စခန်းတစ်ခုကို တပ်မတော်မှ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး TNLA အကြမ်းဖက်အလောင်း ၃ လောင်း၊ သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။