ယင်းမာပင်မှာ မိုင်းတပ်ဆင်စဥ် ၎င်းမိုင်းပေါက်ကွဲလို့ PDF တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ အခြေပြုထားတဲ့ PDF တပ်ရင်း (၂၁)မှာ စက်တင်ဘာလ ၄ ရက်၊ မနက် ၉ နာရီခန့်က မိုင်းတပ်ဆင်နေစဥ်မှာ ၎င်းမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး PDF တစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူက (KLG-PDF) အဖွဲ့မှ အသက် ၂၁ နှစ်အရွယ် သက်ပိုင်စိုး ဆိုသူဖြစ်တယ်လို့ သိရပြီး မိုင်းထောင်ဖို့အတွက် မိုးရွာနေချိန်မှာ မိုင်းကိုတပ်ဆင်ရာကနေ ဝါယာရှော့ဖြစ်ပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ကျောက်လုံးကြီး (KLG-PDF) အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလတည်းက ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၁)၊ (၂၂)၊ (၂၃) တိုနဲ့ စတင်ဖွဲစည်းခဲ့တာဖြစ်ပြီး ဖွဲစည်းချိန်ကနေ အခုအချိန်ထိ တပ်ဖွဲဝင် စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။