နိုင်ငံတကာကုန်တင်သင်္ဘော ၅၃ စင်း စက်တင်ဘာလအတွင်းရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ကုန်သွယ်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ စက်တင်ဘာလအတွင်း နိုင်ငံတကာကုန် တင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ သိရပါတယ်။
ကုန်တင်သင်္ဘောများ ဆိုက်ကပ်ကုန်သွယ်မှုပြုရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ဆိပ်ခံတံတား ၂၇ စင်းနှင့် သီလဝါဆိပ်ကမ်းမှ ဆိပ်ခံတံတား ၁၉ စင်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။
ယခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်တင်သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လတွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ သြဂုတ်လတွင် ၅၄ စင်း ဝင် ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Crd