NUG ၊ PDF အကြမ်းဖက်အဖွဲများ၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁၄၃ဦး သေဆုံး၊ ၃၉၂ဦး ထိခိုက်ဒဏ်ရာရ

၂၀၂၀ ရွေးကောက်ပွဲကြီးတွင် အာဏာရ NLD ပါတီအနေဖြင့် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီး ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇) အရ တပ်မတော်ကို အာဏာအရပ်ရပ် လွှဲပြောင်းပေးခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စ၍ NLD ဦးဆောင်သူများက CRPH, NUG, PDF အကြမ်းဖက်အဖွဲအစည်းမျိုးစုံကို ဖွဲ့စည်း၍ အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ NLD ဦးဆောင်သူများ ဖွဲစည်းထားသော အကြမ်းဖက်အဖွဲများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကလေးငယ် ၁၄၃ ဦး အထိ သေဆုံးခဲ့ရပြီး၊ ၃၉၂ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။