ဧပြီလ ၁၅ ရက်နေ့တိုက်ပွဲသတင်းများ

ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

နေပြည်တော်

ဇမ္ဗူသီရိမြို့နယ်၊ လုံခြုံရေးရဲတပ်ဖွဲ့အမှတ်(၄)ဂိတ်တွင် ရဲတပ်ဖွဲ့အချင်းချင်း စကားများ၍ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့။ ဖြစ်စဉ်မှာ ကင်းချိန်အတွင်း အရက်သောက်စားလာသော ရဲတပ်သား တစ်ဦးအား တာဝန်ရှိ ရဲတပ်ကြပ်ကြီးမှ ပြောဆိုဆုံးမသည်ကို မကျေနပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် အခြား ရဲတပ်သား ၁ ဦး သေဆုံးသွားခဲ့ပြီး တရားခံရဲတပ်သားမှာလည်း မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင် သွားခဲ့ကြောင်းသိရှိရ။

ကယားပြည်နယ်
ကယားပြည်နယ်၊ မိုးဗြဲမြို့ရှိ တပ်ရင်းဌာနချုပ်နေရာတစ်ခုအား KNDF အကြမ်းဖက်သမား ၁၈၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်း ပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရန်သူဆုတ်ခွာသွားခဲ့။

( ရန်သူ့သတင်းမသိရသေး၊ မိမိစစ်သည် ၂ ဦး၊ ပသစ ၁ ဦး ဒဏ်ရာရ )

ကယားပြည်နယ်၊ ဖားဆောင်းမြို့ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား KNPP/KNDF အကြမ်းဖက်အဖွဲ့မှ Drone ဖြင့် Drop Bomb များ ချ၍ ၅ ကြိမ်တိတိ အဝေးမှ လာရောက်နှောင့်ယှက်တိုက်ခိုက်ခဲ့။

( မိမိထိခိုက်မှုမရှိ )

ကရင်ပြည်နယ်
ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KKO(ခွဲထွက်) အဖွဲ့မှ ၁၀ ဦးတို့သည် တတန်ကူးရွာ အနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားရာနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိ။ အလားတူ တတန်ကူရွာ မြောက်ဘက်မီတာ ၅၀၀ ခန့်တွင်လည်း နယ်မြေရှင်းလင်းစစ်ကြောင်းတစ်ခုနှင့် အကြမ်းဖက်သမား ၁၅၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၍ လေကြောင်းပစ်ကူယူပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။

( ရန်သူ့သတင်း မသိရသေး၊ မိမိစစ်သည် ၁ ဦး ဒဏ်ရာရ )

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ နယ်မြေခံတပ်ရင်းနေရာတစ်ခုအား KNLA တမဟ (၅) ရင်း (၁၀၂) သကသအဖွဲ့မှ Drone များဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရ။ အလားတူ အခြားတပ်ရင်းဌာနချုပ်တစ်ခုသို့လည်း Drop Bomb များဖြင့် လာရောက်တိုက်ခိုက်ကြောင်း သိရှိရ။

ချင်းပြည်နယ်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးနယ်မြေရဲစခန်းသို့ အကြမ်းဖက်သမား ၁၈၀ ဦးခန့်တို့က လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရပြီး ရန်သူမှာ အလောင်းများထမ်း၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။

( ပသစ ၁ ဦး ဒဏ်ရာရရှိ )

မန္တလေးတိုင်း

နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာအနီးတွင် အကြမ်းဖက်သမား ၃၀၀ ဦးခန့် ရောက်ရှိလာသဖြင့် လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများရယူ၍ တိုက်ခိုက်ခဲ့ရာ အကျအဆုံးများစွာနှင့် ဆုတ်ခွာထွက်ပြေး သွားကြောင်း သိရှိရ။

အလားတူ ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲလေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းအား TNLA အကြမ်းဖက်သမား ၃၀ ဦးခန့်က အဝေးမှနေ၍ လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်လို့ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူများ မြောက်အရပ်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။