ကိုယ့်အကြောင်းကိုယ်သိအောင်ကြိုးစား

ကိုယ့်ဘဝ မစဉ်းစားတဲ့
ပုဂ္ဂိုလ်ဟာ လူမိုက်ပဲ။

ကိုယ့်ဘဝ အခြေအနေကို
ကိုယ်မသိဘူးဆိုရင် မိုက်မဲတာပေါ့။

သူများအကြောင်း မသိချင်နေပါစေ
ကိုယ့်အကြောင်းတော့ ကိုယ်သိအောင်
လုပ်ရမှာပေါ့။

အရပ်ထဲက လူတွေက
ကိုယ့်အကြောင်းတော့
ကိုယ်သိချင်မှ သိတာ။

သူများ အကြောင်းကျတော့
ဘာတဲ့ ကြားပြီးပြီလား လာတာပဲ။

ကိုယ့်အကြောင်းကို သိအောင်ကြိုးစား
ဒီလိုဆိုတာပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏