မန္တလေး အ‌နောက်မြောက်ဘက်တွင် အင်အားအနည်းငယ်ရှိသောငလျင်တခု လှုပ်ခတ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၂၃)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်းမိုးလေဝသနှင့်ဇလေဗေဒဦးစီးဌာနမှထုတ်ပြန်သည်။