စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်းသီးနှံအဖြစ် အာလူးသီးနှံလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ခရိုင် ၁၀ ခုတို့၌ ဆောင်းအာလူးသီးနှံကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးထားပြီး ခရိုင်အလိုက် စိုက်ပျိုးပြီးစီးမှုအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဧက ၄၁၀၊ မော်လိုက်ခရိုင်အတွင်း ၆၅၄ ဧက၊ တမူးခရိုင်အတွင်း ၈၃၆ ဧက၊ ကလေးခရိုင်အတွင်း ၁၉၆ ဧက၊ ခန္တီးခရိုင်အတွင်း ၁၂၅ ဧက၊ ဟုမ္မလင်းခရိုင်အတွင်း ၆၄၄ ဧက၊  ရွှေဘိုခရိုင်အတွင်း ၁၇၁၃ ဧက၊ ရေဦးခရိုင်အတွင်း ဧက ၂၅၀၊ စစ်ကိုင်းခရိုင်အတွင်း ၂၁၃ ဧက၊  ကသာခရိုင်အတွင်း ၈၉၅ ဧက၊ ကောလင်းခရိုင်အတွင်း ဧက ၂၂၀ စိုက်ပျိုးထားကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ယခုဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းအာလူးသီးနှံကို ဧက ၅၆၅၀ စိုက်ပျိုးနိုင်ရေး လျာထားလုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ တတိယပတ်ကုန်တွင် ၆၁၅၆ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် ဧက၅၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကလည်း   ဆောင်းအာလူးသီးနှံ ၆၈၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါတယ်။