မဒီးယန်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ ခလရ-၂၃၆က တပ်ရင်းမှူး ထိခိုက်သေဆုံးတယ်လို့ DVB မှ သတင်းအတုရေး

ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီလောက်က ဗန်းမော်မြို့ဘက်ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည်လာတဲ့ စစ်တပ်ရဲ့ ရိက္ခာတင်ကားကို ဒေါ့ဖုန်းယန်မြို့နယ် နွမ်လန်နဲ့ အူထန်ယန် ကြားက ရာဘာခြံနားမှာ ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မနေ့မနက် ၁၀ နာရီ လောက်မှာလည်း နမ်ဆန်ယန်နာက မဒီးယန်နဲ့ ခယာကြားမှာ ဒေါ့ဖုန်းယန်ဘက်ကနေ တက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဒေါ့ဖုန်းယန်မြို့နယ်နေ ဒေသခံတဦးက “ဗန်းမော်ဘက်ကနေတက်လာတဲ့ကားကို RPG လို လက်နက်နဲ့ ပစ်ခတ်လိုက်တာလို့ ကြားတယ်။ အခုကြားရသလောက်ကတော့ ကားတစီးကတော့ ထိသွားတယ်တဲ့။ အဲဒါဖြစ်ပြီးနောက် ညနေ ၅ နာရီလောက်မှာလည်း ကားနဲ့ စစ်သားတွေ အများကြီးတက်သွားတာ တွေ့ရတယ်” လို့ပြောပါတယ်။ မဒီးယန်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ခလရ-၂၃၆ က တပ်ရင်းမှူး ထိခိုက်သေဆုံးတယ်လို့ DVB မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၁ ရက်နေ့၌ ဒေါ့ဖုန်းယန်မြို့နယ် နွမ်လန်နဲ့ အူထန်ယန် ကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသလို ဗန်းမော်-နမ်ဆန်ယန်လမ်းရှိ မဒီးယန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/ PDF များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ DVB မှ ဖြစ်စဉ်မရှိဘဲ ခလရ-၂၃၆ တပ်ရင်းမှူးကျဆုံးတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck