ဩဂုတ်လ ၁ ရက်နေ့ မှုခင်းသတင်းများ

၃၁-၇-၂၀၂၃ရက်နေ့ ညနေ ၃နာရီ ၄၅မိနစ်အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် ၁၁နေ ဦးပေါ်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်သင်းသင်းလွင်၊ ၎င်း၏မောင် ဦးဝင်းနိုင်၊ တူမဖြစ်သူ ဒေါ်ထွေးထွေးလွင်နှင့် အလုပ်သင်ရှေ့နေ ၄ဦးတို့သည် ကွတ်ခိုင်မြို့ တရားရုံးမှ ကားဖြင့်ထွက်လာစဉ် နမ့်ပါချီးကျေးရွာသို့အရောက်၌ အကြမ်းဖက် PDFများမှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားရာ ဦးပေါ်ဦး သည် နေရာမှာပင်သေဆုံးခဲ့ပြီး ဦးဝင်းနိုင်တွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်းသတင်းရရှိ။

၃၁-၇-၂၀၂၃ရက် ညနေ ၂နာရီ အချိန်တွင် မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာနေ ဦးမြင့်ထီနှင့် ၎င်း၏တူမဖြစ်သူ မခိုင်ဇင်မျိုးတို့သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၅ဦးခန့်မှ ဆိုင်ကယ် ၃စီးဖြင့် ‌ရောက်ရှိလာပြီး ဦးမြင့်ထီနှင့် မခိုင်ဇင်မျိုးတို့အား ဖမ်းဆီးခေါ်ဆောင်ကာ သင်ပြွန်းကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာကြားလမ်းဘေး၌ သေနတ်ဖြင့် ပစ်သတ်ခဲ့တာကြောင့် သေနတ်ဒဏ်ရာများဖြင့် နေရာမှာပင်သေဆုံးသွား ကြောင်း သတင်းရရှိ။