ဇူလိုင်လ ၁၄ ရက်နေ့ မှုခင်းသတင်းများ

  • ဇူလိုင်လ ၁၃ ရက် ၁၇၃၀ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မြို့နယ်၊ တောင်ယာကားလမ်းကျေးရွာနေ ဦးမြတ်စိုး(ခ) ဦးအောင် (၆၇) နှစ်အား PDF အကြမ်းဖက်သမား ၂ ဦးမှ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့်ရောက်လာပြီး စပူပြင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်းသိရှိရ။
  • ဇူလိုင်လ ၁ ရက် ၁၀၀၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာရှိ “ငွေစန္ဒာ” တည်းခိုခန်းပိုင်ရှင် ဒေါ်ဇာဇာဖြိုး (၄၄) နှစ်အား  အကြမ်းဖက်သမား ၆ ဦးက ၎င်းပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း ၁ လုံး ဆိုင်ကယ် ၂ စီးနှင့် အလုပ်သမားများ၏ လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရ။
  • ဇူလိုင်လ ၁၃ ရက် ၁၇၅၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာ ဦးရပ်ကွက်၊ အဝေရာလမ်းဘေး၌ ဒေါ်သီတာချို(၆၁)နှစ် ယင်းမာပင် ခရိုင် ပညာရေးမှူးအား အကြမ်းဖက်သမား ၇ ဦးခန့်မှ ဆိုင်ကယ် ၄ စီးဖြင့် ခေါ်ဆောင်လာပြီး ပစ်ခတ်သတ်ဖြတ်ထားခဲ့။
  • ဇူလိုင်လ ၁၃ ရက် ၁၉၃၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ အနောက်မြောက်ဘက် လူနေထိုင်ခြင်းမရှိသော ယာကွက်အနီးကိုင်း တော စပ်၌ အကြမ်းသမားများက အမျိုးသား ၁ ဦးအား လက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ထားခဲ့ကြောင်းသိရှိရ။