အကြမ်းဖက်သမားများ ကြောက်လန့်နေတဲ့ နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်ခန်း

မြန်မာ-ရုရှား ပူးတွဲခေါင်းဆောင်ပြီး အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုအောင်မြင်စွာပြုလုပ်ပြီးကြောင်း ပြည်တွင်း၊ ပြည်ပနိုင်ငံတကာမီဒီယာများမှာ မြင်တွေ့နေရပါတယ်။

အဲ့ဒီ့လေ့ကျင့်ခန်းကို မလုပ်ဖို့၊ မပါဝင်ဖို့ နှောင့်ယှက်ခဲ့တဲ့ နိုင်ငံတွေအတွက်တော့ စိတ်မကောင်းပါဘူး။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ CRPH၊ NUG၊ PDF တွေနဲ့ စစ်တပ်ကို မထောက်ခံတဲ့ နီပိတ်တွေအတွက်ကတော့ ဒီသတင်းကို မြင်တွေ့ချင်ကြမှာ မဟုတ်ပါဘူး။

စစ်တပ်ကတော့ နိုင်ငံတကာ တပ်မတော်တွေနဲ့ ရင်ဘောင်တန်းပြီး ဒီလိုနိုင်ငံစုံ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်ခန်းကြီးကို ဦးဆောင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်ဘက်ပစ်မှတ်တွေ၊ အရပ်သားပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ NUG၊ PDF နဲ့ EaOs အဖွဲ့တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ ၂ နှစ်ကျော်ကာလတွင် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဖွဲ့ဝင်နိုင်ငံတွေကို သတင်းချပြခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် ဒီအကြမ်းဖက်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်ခန်းဟာ စစ်တပ်အတွက် စစ်ရေး၊ နိုင်ငံရေး အမြတ်ထွက်ခဲ့ပြီး၊ အာဆီယံနိုင်ငံများအကြား စကစအနေနဲ့ သူလုပ်ရမယ့်အလုပ်ကို တာဝန်ကျေအောင် လုပ်ဆောင်ပြသလိုက်တဲ့ ပွဲဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောကြားလျက်ရှိပါတယ်။