မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပုံစံအတုယူလေ့ကျင့်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးလေ့ကျင့်ခန်း

အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့အကြားမှာ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကို အတုယူပြီး အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး မြေပြင်လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့ကြောင်း စကစ မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။

အဲ့ဒီလေ့ကျင့်ခန်းမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နဲ့ ဩစတြေးလျတို့မပါဝင်ပဲ အာဆီယံနိုင်ငံထဲက စင်ကာပူနိုင်ငံလည်း ပူးပေါင်းဆောက်ရွက်ခြင်းမရှိကြောင်း သိရှိရပါတယ်။

လေ့ကျင့်ခန်းကို ရုရှားနိုင်ငံ၊ ဗလာဒီဘော့စ်တော့မြို့မှာ
လုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတစ်ခုကို နိုင်ငံပေါင်းစုံပါဝင်တဲ့ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ချေမှုန်းတဲ့ လေ့ကျင့်ခန်းပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်များရဲ့ တည်နေရာပုံစံအတိုင်း ဖန်တီးထားတဲ့ လေ့ကျင့်ခန်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောကြားလျက်ရှိပါတယ်။