ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

ဒီဇင်ဘာ ၆ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ
ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း (JSC “Tyazhpromexport”)၏ ညွှန်ကြားရေးမှူးချုပ်
Mr. Sergey Egorov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး
ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
အတွက် ရုရှားနိုင်ငံအနေဖြင့် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။