အများပြည်သူအသုံးပြုလျက်ရှိသည့် YBS ယာဉ်များပေါ်၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး

YBS ခရီးသည်တင်ယာဉ်များ စီးနင်းအသုံးပြုသည့် ခရီးသွားပြည်သူများအား လူအုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုစရိုက်ကျူးလွန်မှုများအား သတင်းဖော်စောင့်ကြည့် စုံစမ်းဖမ်းဆီးခြင်းများ နေ့ ည မပြတ်ဆောင်ရွက်လျက်ရှိသည်။

 
ထိုသို့ နေ့ ညမပြတ် ဆောင်ရွက်ခဲ့ရာ YBS ယာဉ်များ ပေါ်၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်တပ်ဆင် ထာတဲ့ TOYOTA Probox အဖြူရောင်အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်မှ ယာဉ်မောင်းနှင်သူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၆၄)နေ ဘိုဘိုပြည့်(ခ) ကိုပြည့် (၃၂)နှစ် (ဘ)ဦးမြင့်ဦးနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ပဒုမ္မာလမ်းနေသူများဖြစ်သည့် ကိုကိုအောင်(ခ) ကိုအောင် (၃၂)နှစ် (ဘ) ဦးအောင်ညွန့်၊ စိုးပိုင်(ခ) ဗိုက်ပူ (၂၅)နှစ်၊ (ဘ)ဦးစစ်ငြိမ်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မိုင်းပွန် စော်ဘွားလမ်းနေ ခိုင်မင်းဦး(ခ) ဖိုးသား (၂၁)နှစ် (ဘ) ဦးစိန်မြ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ထောင်ကျော်ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေ ပြည်ဖြိုးကို(ခ) ကုလား (၂၈)နှစ် (ဘ)ဦးမောင်ကို၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ ညီညီ (၄၂)နှစ်တို့ ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်။

ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ရာမှရရှိခဲ့တဲ့ အလေးချိန် တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံ ရွေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေက္ကူရောရာ ၈၀၀၀၀ ကျပ်တို့အား ထမ်မံသိမ်းဆည်းရရှိခဲ့သည်။ 
ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတရားခံ (၆) ဦးနှင့် ကျူးလွန်ရာမှ ရရှိသည့် အလေးချိန် တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံရွေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေက္ကူရောရာ ၈၀၀၀၀ ကျပ်၊ ၎င်းတို့စီးနင်းအသုံးပြုခဲ့သည့် YGN 3H-4879 TOYOTA Probox တစ်စီးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။အများသူများအေးချမ်းတည်ငြိမ်မှု့ကိုပျက်ပြားအောင်နှောက်ယှက်ဖျက်ဆီးနေသူများကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့နိုင်ကြောင်း အသိပေးအပ်ပါသည်။