ကယားပြည်နယ်အစိုးရအဖွဲ့မှအကြောင်း အမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦများနှင့် နေရပ်ပြန် ပြည်သူများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်

လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ပြည်နယ်ခန်းမ၌ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်အတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦများနှင့် နေရပ်ပြန် ပြည်သူများသို့ ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ၂၀၂၃ ဖေ ၀၉၁၃၀၀ ချိန်ခန့်မှ ၁၄၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှနှင့် တာဝန်ရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အဦးများနှင့် ပြည်သူများအတွက် ဘာသာရေးအဆောက်အဦ (၄)လုံး၊ နေအိမ်အဆောက် အဦ(၃၈၂)လုံးအတွက် သွပ်(၁၃၁၆၀)ချပ်၊ ဘိလပ်မြေ (၆၅၈၀)အိတ်၊ ဆန်(၁၅၂) အိတ်နှင့် ဆီ(၁၈၃)ပိဿာခန့်၊ Family Kit နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် စုစုပေါင်းတန်ဖိုးငွေကျပ် နှစ်ထောင့်သုံးရာ နှစ်ဆယ့်ငါးသိန်း ခန့် ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ လက်ခံရယူပြီး ပြည်သူများမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ရာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများကိုယ်စား မိုင်းလုံးရပ်ကွက်နေ ပြည်သူတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

ZAWGYI

လြိဳင္ေကာ္ၿမိဳ႕၊ မင္းစုရပ္ကြက္ရွိ ျပည္နယ္ခန္းမ၌ ကယားျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမႉးက်င္းပျပဳလုပ္ေသာ လြိဳင္ေကာ္ခ႐ိုင္ႏွင့္ ဒီးေမာ့ဆိုခ႐ိုင္အတြင္းရွိ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့ေသာ ေနအိမ္အေဆာက္အဦမ်ားႏွင့္ ေနရပ္ျပန္ ျပည္သူမ်ားသို႔ ေထာက္ပံ့ေငြ၊ ေဆာက္လုပ္ေရးပစၥည္းႏွင့္ စားေသာက္ကုန္ပစၥည္း မ်ား ေထာက္ပံ့ေပးအပ္ပြဲ အခမ္းအနားအား ၂၀၂၃ ေဖ ၀၉၁၃၀၀ ခ်ိန္ခန႔္မွ ၁၄၀၀ နာရီထိ က်င္းပျပဳလုပ္ခဲ့ရာ အခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္/ ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ အႀကီးအကဲမ်ားႏွင့္ ဝန္ထမ္းမ်ား၊ ရပ္မိ/ရပ္ဖမ်ား၊ ရပ္ကြက္/ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ခဲ့ပါတယ္။
အဆိုပါအခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွႏွင့္ တာဝန္ရွိသူမ်ားမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့သည့္ အေဆာက္အဦးမ်ားႏွင့္ ျပည္သူမ်ားအတြက္ ဘာသာေရးအေဆာက္အဦ (၄)လုံး၊ ေနအိမ္အေဆာက္ အဦ(၃၈၂)လုံးအတြက္ သြပ္(၁၃၁၆၀)ခ်ပ္၊ ဘိလပ္ေျမ (၆၅၈၀)အိတ္၊ ဆန္(၁၅၂) အိတ္ႏွင့္ ဆီ(၁၈၃)ပိႆာခန႔္၊ Family Kit ႏွင့္ ကယ္ဆယ္ေရးပစၥည္းမ်ား ေထာက္ပံ့ ေပးအပ္ခဲ့ေၾကာင္းႏွင့္ စုစုေပါင္းတန္ဖိုးေငြက်ပ္ ႏွစ္ေထာင့္သုံးရာ ႏွစ္ဆယ့္ငါးသိန္း ခန႔္ ေထာက္ပံ့ေပးအပ္ခဲ့ရာ သက္ဆိုင္ရာ ကိုယ္စားလွယ္မ်ားမွ လက္ခံရယူၿပီး ျပည္သူမ်ားမွ လိုအပ္သည္မ်ားအား ေဆြးေႏြးတင္ျပခဲ့ရာျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားမွ သက္ဆိုင္ရာဌာနမ်ားႏွင့္ ေပါင္းစပ္ ညႇိႏႈိင္းေဆြးေႏြး ေဆာင္႐ြက္ေပးခဲ့ၿပီး ျပည္သူမ်ားကိုယ္စား မိုင္းလုံးရပ္ကြက္ေန ျပည္သူတစ္ဦးမွ ေက်းဇူးတင္ စကား ျပန္လည္ေျပာၾကားခဲ့ေၾကာင္းသိရွိရပါတယ္။