တာချီလိတ်မှာ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ

ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အိုက်ရီ မောင်းနှင်ပြီး အိုက်တစ် လိုက်ပါလာသည့် Toyota Crown အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၁၁၂၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀၀)၊ လက်ကိုင်ဖုန်း ၂ လုံး၊ ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည် ၇၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဒီတိုနေတာ ၆၀ ချောင်းနှင့် ယမ်းပျော့ ၄၀ ချောင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။