တမူးမြို့တွင် သားအမိ (၃) ဦးကို PDF/ABSDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စန္ဒကူး (၁-ခ) ရပ်ကွက်တွင် သားအမိ (၃)ဦးကို PDF/ABSDF ပူးပေါင်းအဖွဲက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ စန္ဒကူး (၁-ခ) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အေး (၄၈)နှစ်သည် ၎င်း၏ သားဖြစ်သူ မောင်ပြည့်လျှန် (၁၆)နှစ်နှင့် သမီးဖြစ်သူ မငြိမ်းငြိမ်း (၂၁) နှစ်တို့နှင့်အတူ နေအိမ်တွင် ရှိနေစဉ် PDF/ABSDF ပူးပေါင်းအဖွဲ့ (၇)ဦးရောက်ရှိလာသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်အေး၊ မောင်ပြည့်လျှန်နှင့် မငြိမ်းငြိမ်းတို့ (၃) ဦးတွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။