တိုင်ဖွန်မုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ်မှာမိုးကြီးနိုင်

ယနေ့ ဇူလိုင် ၂၆ ရက်နေ့ တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော တိုင်ဖွန်းမုန်တိုင်း“ဒေါ့ဆူရီ”(Doksuri)သည် အနောက်ဘက်သို ရွေ့လျားနိုင် တယ်လို ခန့်မှန်းထားပါတယ်။ ဒါကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တိုတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရပါတယ်။