မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကိုယ်ကဖယ်မှ အေးပါတယ်🌷

စားစရာမရှိလို့ ပူတဲ့အပူက
စားစရာပေးလို့ အေးနိုင်သေးတယ် ။

၀တ်စရာမရှိလို့ ပူတဲ့အပူက
၀တ်စရာပေးလို့ အေးနိုင်သေးတယ် ။

ကိုယ်စိတ်မထားတတ်လို့ပူတဲ့အပူတွေ
ကိုယ်အတွေးမှားလို့ပူတဲ့အပူတွေ
ကိုယ်မပြင်လို့မအေးတဲ့အပူတွေကြ

ဘယ်သူတွေ ဘာတွေပေးပေး
အေးဖွယ်ရာ လုံး၀မရှိနိုင်ပါဘူး ။

သူများကတရားနဲ့ဖြေလို့ပြောပေမယ့်
ကိုယ့်စိတ်က သောကလွှမ်းနေရင်
တရားနှလုံးသွင်းလို့ မလွယ်ပါဘူး ။

အချိန်တန်ရင် ပြီးသွားမှာပါလို့
ဘယ်လိုပင် နားတွေ လာချချ
အစွဲကြီးလွန်းနေရင် မလွတ်ချနိုင်
ပါဘူး ။

ကိုယ့်ကြောင့်ဖြစ်နေတဲ့
ကိုယ့်ရဲ့ပူလောင်မအေးချမ်းမှုတွေဟာ

ကိုယ့်က သတိထား ဖယ်လိုက်နိုင်မှ
သက်သာရာကို ရသွားနိုင်ကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏