(၂၇)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိုင်း နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ (၂၇)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ(၁၄)ရက်နေ့၌ ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်ခဲ့သည်။
✅အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
🔷ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊
🔷အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊
🔷 ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးနှင့်
🔷 မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်(၃၀)ဦး၊
🔷 ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ Mr. Thanasunthorn Sawangsalee ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ၊ ဒေါက်တာသက်သက်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင်
✅ (၂၇)ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုဖြစ်စဉ်များ မြင့်တက်လာခဲ့ရာ ၇၀ ရာခိုင်နှုန်း သော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြပြီး လူကုန်ကူးခံရသူ အမျိုးသားဦးရေသည်လည်း သိသိသာသာမြင့်တက်လာကြောင်း၊
✅နှစ်နိုင်ငံအနေဖြင့် အတည်ပြု ဖော်ထုတ်ထားသော စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအတိုင်း လူကုန်ကူးခံရသူများ၏ အကောင်းဆုံးအကျိုးစီးပွားကို နှစ်နိုင်ငံပူးပေါင်းဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံဂေဟာများတွင် လက်ခံစောင့်ရှောက်ပေးသည့်အပြင် ၎င်းတို့၏ တရားစီရင်ရေးလုပ်ငန်းများ ပြီးဆုံးအောင် စောင့်ဆိုင်းနေ တဲ့ကာလအတွင်း ထိုင်းနိုင်ငံဂေဟာများမှ တာဝန်ရှိသူများက လူကုန်ကူးခံရသူများ ဝင်ငွေရရှိစေရန် ပြင်ပမှာအလုပ်အကိုင်ရှာဖွေပေးပြီး အလုပ်အကိုင်နေရာချထားပေးတာကို သိရှိရသည့်အတွက် ထိုင်းနိုင်ငံဘက်ကို ကျေးဇူးတင်ရှိပါ ကြောင်း၊
✅လူကုန်ကူးခံရသူများ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များကို တက်နိုင်သမျှ လျင်လျင်မြန်မြန် ပြီးစီးအောင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့ မေတ္တာရပ်ခံလို ပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ လူကုန်ကူးခံရသူများ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်းနှင့် အနာဂတ်တွင်လည်း နှစ်နိုင်ငံ အနေဖြင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
✅ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် Mr. Thanasunthorn Sawangsalee က
✅မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အတူတကွ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ခဲ့သည်မှာ (၁၀)နှစ်ကျော်ကြာခဲ့ပြီး အတွေ့အကြုံ များနှင့် ရလဒ်ကောင်းများစွာရရှိခဲ့ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို မြန်မာ-ထိုင်း နှစ်နိုင်ငံ သာမက နိုင်ငံပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်ဒေသတွင်းနိုင်ငံများအတွင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေသူများအတွက် လူကုန်ကူးမှုများသည် ကြီးမား သော စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်လာရသောကြောင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
✅ထို့နောက် မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Mr.Thanasunthorn Sawangsalee တို့ဦးဆောင်၍ အစည်းအဝေးကို ဆက်လက်ကျင်းပ ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ ၎င်းတို့၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များအား အပြည့်အဝရရှိစေရေး စသည့်ကိစ္စရပ်များကို နှစ်နိုင်ငံပူးပေါင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

zawgyi

ျမန္မာႏိုင္ငံ၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနႏွင့္ ထိုင္း ႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူသားလုံၿခဳံေရးဝန္ႀကီးဌာနတို႔ပူးေပါင္း၍ (၂၇)ႀကိမ္ေျမာက္ ျမန္မာ-ထိုင္း လူကုန္ကူးခံရသူမ်ားအားျပန္လည္လက္ခံေရး၊ ျပန္လည္ဝင္ဆံ့ေပါင္းစည္းေရးဆိုင္ရာ ျဖစ္ရပ္စီမံခန႔္ခြဲမႈ ညႇိႏႈိင္းအစည္းအေဝးအား ၂၀၂၃ ခုႏွစ္၊ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႔၌ ရန္ကုန္ၿမိဳ႕ Park Royal Hotel ၌ ျမန္မာႏိုင္ငံမွ အိမ္ရွင္အျဖစ္ လက္ခံက်င္းပေဆာင္႐ြက္ခဲ့သည္။
✅အဆိုပါ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံအစည္းအေဝးဖြင့္ပြဲအခမ္းအနားသို႔ ျမန္မာႏိုင္ငံ၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊
🔷ျပည္ေထာင္စုဝန္ႀကီး၊ ေဒါက္တာသက္သက္ခိုင္၊
🔷အၿမဲတမ္းအတြင္းဝန္ ေဒါက္တာကိုကိုႏိုင္၊
🔷 ျပန္လည္ထူေထာင္ေရး ဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္၊ ဦးေအာင္ေက်ာ္မိုးႏွင့္
🔷 ျမန္မာကိုယ္စားလွယ္အဖြဲ႕ဝင္(၃၀)ဦး၊
🔷 ထိုင္းႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လူသားလုံၿခဳံေရးဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္၊ Mr. Thanasunthorn Sawangsalee ဦးေဆာင္ေသာ ထိုင္းကိုယ္စားလွယ္ အဖြဲ႕ဝင္(၁၅)ဦး တက္ေရာက္ခဲ့ၾကသည္။
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ၊ ေဒါက္တာသက္သက္ခိုင္က ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားရာတြင္
✅ (၂၇)ႀကိမ္ေျမာက္ အစည္းအေဝးကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံ က်င္းပရသည့္အတြက္ ဂုဏ္ယူဝမ္းေျမာက္ မိပါေၾကာင္း၊ ယေန႔ႏိုင္ငံအသီးသီး၌ လူကုန္ကူးခံရမႈျဖစ္စဥ္မ်ား ျမင့္တက္လာခဲ့ရာ ၇၀ ရာခိုင္ႏႈန္း ေသာ လူကုန္ကူးခံရသူမ်ားမွာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားျဖစ္ၾကၿပီး လူကုန္ကူးခံရသူ အမ်ိဳးသားဦးေရသည္လည္း သိသိသာသာျမင့္တက္လာေၾကာင္း၊
✅ႏွစ္ႏိုင္ငံအေနျဖင့္ အတည္ျပဳ ေဖာ္ထုတ္ထားေသာ စံလုပ္ငန္းအစီအစဥ္ပါ လုပ္ငန္းစဥ္မ်ားအတိုင္း လူကုန္ကူးခံရသူမ်ား၏ အေကာင္းဆုံးအက်ိဳးစီးပြားကို ႏွစ္ႏိုင္ငံပူးေပါင္းေဖာ္ေဆာင္ႏိုင္ခဲ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံသား လူကုန္ကူးခံရသူမ်ားကို ထိုင္းႏိုင္ငံေဂဟာမ်ားတြင္ လက္ခံေစာင့္ေရွာက္ေပးသည့္အျပင္ ၎တို႔၏ တရားစီရင္ေရးလုပ္ငန္းမ်ား ၿပီးဆုံးေအာင္ ေစာင့္ဆိုင္းေန တဲ့ကာလအတြင္း ထိုင္းႏိုင္ငံေဂဟာမ်ားမွ တာဝန္ရွိသူမ်ားက လူကုန္ကူးခံရသူမ်ား ဝင္ေငြရရွိေစရန္ ျပင္ပမွာအလုပ္အကိုင္ရွာေဖြေပးၿပီး အလုပ္အကိုင္ေနရာခ်ထားေပးတာကို သိရွိရသည့္အတြက္ ထိုင္းႏိုင္ငံဘက္ကို ေက်းဇူးတင္ရွိပါ ေၾကာင္း၊
✅လူကုန္ကူးခံရသူမ်ား၏ တရားစီရင္ေရးလုပ္ငန္းစဥ္မ်ားကို တက္ႏိုင္သမွ် လ်င္လ်င္ျမန္ျမန္ ၿပီးစီးေအာင္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ေပးႏိုင္ဖို႔ ေမတၱာရပ္ခံလို ပါေၾကာင္း၊ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈ၊ လူကုန္ကူးခံရသူမ်ား၏ အေကာင္းဆုံးအက်ိဳးစီးပြားအတြက္ လူကုန္ကူးခံရသူ ဗဟိုျပဳနည္းလမ္းမ်ားႏွင့္ နီးကပ္စြာ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို ဆက္လက္ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္းႏွင့္ အနာဂတ္တြင္လည္း ႏွစ္ႏိုင္ငံ အေနျဖင့္ လူကုန္ကူးခံရသူမ်ား၏ အခြင့္အေရးမ်ားကို အျပည့္အဝေဖာ္ေဆာင္ေပးႏိုင္မည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့ပါသည္။
✅ထိုင္းႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူသားလုံၿခဳံေရးဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္း အတြင္းဝန္ Mr. Thanasunthorn Sawangsalee က
✅ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံ အတူတကြ လူကုန္ကူးမႈတိုက္ဖ်က္ေရးအတြက္ လုပ္ေဆာင္ခဲ့သည္မွာ (၁၀)ႏွစ္ေက်ာ္ၾကာခဲ့ၿပီး အေတြ႕အႀကဳံ မ်ားႏွင့္ ရလဒ္ေကာင္းမ်ားစြာရရွိခဲ့ပါေၾကာင္း၊ လူကုန္ကူးမႈတိုက္ဖ်က္ေရးကို ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ သာမက ႏိုင္ငံေပါင္းစုံမွ ပူးေပါင္းေဆာင္႐ြက္ရမည္ ျဖစ္ပါေၾကာင္း၊ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈသည္ေဒသတြင္းႏိုင္ငံမ်ားအတြင္း အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ခဲ့ပါေၾကာင္း၊ လူကုန္ကူးမႈတိုက္ဖ်က္ေရးလုပ္ငန္း လုပ္ေဆာင္ေနသူမ်ားအတြက္ လူကုန္ကူးမႈမ်ားသည္ ႀကီးမား ေသာ စိန္ေခၚမႈမ်ားအျဖစ္ ရင္ဆိုင္လာရေသာေၾကာင့္ ႏွစ္ႏိုင္ငံဆက္လက္ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ ေမွ်ာ္လင့္ပါေၾကာင္း ေျပာၾကားခဲ့ပါသည္။
✅ထို႔ေနာက္ ျမန္မာႏိုင္ငံ၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေအာင္ေက်ာ္မိုးႏွင့္ ထိုင္းႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူသားလုံၿခဳံေရးဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ Mr.Thanasunthorn Sawangsalee တို႔ဦးေဆာင္၍ အစည္းအေဝးကို ဆက္လက္က်င္းပ ေဆာင္႐ြက္ခဲ့ၿပီး ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသား လူကုန္ကူးခံရသူမ်ားအား ကာကြယ္ေစာင့္ေရွာက္ေရး၊ ၎တို႔၏ အခြင့္အေရးႏွင့္ရပိုင္ခြင့္မ်ားအား အျပည့္အဝရရွိေစေရး စသည့္ကိစၥရပ္မ်ားကို ႏွစ္ႏိုင္ငံပူးေပါင္း၍ ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္ရန္ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။