ဘားအံမြို့မှာ ဆင်ဖြူတော်၄ကောင်နဲ့ ဖားစည်ပုံ လမ်းဆုံအဝိုင်းကို တည်ဆောက်လျက်ရှိ

ဘားအံမြို့အဝင်(မော်လမြိုင်) ဘက်ခြမ်း လမ်းဆုံအဝိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို မြို့တော်အင်္ဂါရပ်နဲ့အညီဆောင်ရွက်နေပြီး ဆင်ဖြူတော်၄ကောင်နဲ့ဖားစည်ပုံသဏ္ဍာန် ခမ်းနာထည်ဝါစွာဆောက်လုပ်နေရာ လာမယ့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပြည်ထောင်စုနေ့မှာ အပြီးတည်ဆောက်ကာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကနေသိရပါတယ်။

ကရင်ပြည်နယ်ဟာ သဘာဝအခြေခံ လည်ပတ်စရာနေရာများပေါများပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများကိုဆွဲဆောင်ရာ ခရီးသွား မြို့တော်ဖြစ်တာကြောင့် ဘားအံမြို့အား ခမ်းနားထည်ဝါတဲ့ မြို့တော်အင်္ဂါရပ်နဲ့ အညီဖြစ်စေရန်ရည်ရွယ်ကာ ဘားအံမြို့အဝင်(မော်လမြိုင်) ဘက်ခြမ်း လမ်းဆုံအဝိုင်းကို တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါလမ်းဆုံအဝိုင်းကို ပြည်နယ်အထွေထွေရန်ပုံငွေကျပ် သန်း ၂၅၀ အကုန်အကျခံကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က စတင်တာဝန်ယူတည်ဆောက်ခဲ့ကြောင်းသိရပါတယ်။