The Greatest Lethwei မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဇန်နဝါရီ၂၉ရက်နေ့မှာကျင်းပမည်

လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့လောကမှာ ပရိသတ်တွေကရော ရိုးရာလက်ဝှေ့လောကသားတွေကပါ မြန်မာပြည်ပထမတန်းချန်ပီယံအဖြစ်သတ်မှတ်ထားကြတဲ့ ထွန်းထွန်းမင်းကို လူငယ်လက်ဝှေ့သမား သွေးသစ်ဝင်းလှိုင်က စိန်ခေါ်ထားတဲ့ The Greatest Lethwei မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဇန်နဝါရီ၂၉ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ သွေးသစ်ဝင်းလှိုင်အနေနဲ့ ထွန်းထွန်းမင်းကို အနိုင်ရခဲ့မယ်ဆိုရင် မြန်မာပြည်ပထမတန်းချန်ပီယံဂုဏ်ပုဒ်ကို လွှဲပြောင်းရယူနိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဇန်နဝါရီ၂၉ရက်နေ့ နေ့လည်(၂)နာရီမှာစတင်မှာဖြစ်ပြီး Canal+ Sports1 Channel ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့လည်းသိရပါတယ်။