ဇန်နဝါရီလ ၂၆ ရက်နေ့ မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၅ ရက် ၁၈၁၅ နာရီတွင် ရေဖြူမြို့နယ်၊ ကျောက္ကညာကျေးရွာနေ ဦးလှဝင်း(၅၅)နှစ်၊ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူသည် နေအိမ်၌ ရှိနေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့ ၁၀ ဦးခန့်မှ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ဦးလှဝင်းအား ၎င်းပိုင်ဆိုင်သည့် တစ်ပါအမျိုးအစား (အပြာရောင်) မြေသယ်ယာဉ် ယာဉ်အမှတ်၊ 7E/7401 နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၅ ရက် ၁၈၄၅ နာရီတွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ ရာအိမ်မှူး ဦးစောလယ်ထူး(ခ)တွတ်ပီ (၅၈)နှစ်သည် တစ်ရပ်ကွက်တည်းနေ ညီမဝမ်းကွဲဖြစ်သူ ဒေါ်မေလင်းဒါဝင်း၏ နေအိမ်သို့ လမ်းလျှောက်ထွက်ခွာ လာစဉ် ဒေါ်မေလင်းဒါဝင်း၏ နေအိမ်အနီးအရောက်၌ အကြမ်းဖက် ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစောလယ်ထူး(ခ)တွတ်ပီတွင် ဦးခေါင်း၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၂၅ ရက် ၀၆၃၀ နာရီတွင် ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာနေ ဦးသန်းနိုင် (၄၆)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် ကျား ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးသန်းနိုင်အား သေနတ်ဖြင့် ပစ်ခတ်၍ ပုဆိန်ဖြင့် ထုရိုက်သတ်ဖြတ်ကာ နေအိမ်ရှိ ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ ဦးသန်းနိုင်တွင် ဦးခေါင်း၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဇန်နဝါရီလ ၂၅ ရက် ၁၆၀၀ နာရီတွင် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာနေ အေးချမ်း(၂၄)နှစ်၊ ဈေးရောင်း လုပ်ကိုင်သူသည် နွားထိုးကြီးမြို့၌ ဈေးရောင်းပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်း ကျေးရွာထိပ် အရောက်၌ (စိစစ်ဆဲ) ကျား ၃ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်အား ယူဆောင် ထွက်ပြေးသွားခဲ့ရာ အေးချမ်းတွင် ဦးခေါင်းပွင့်ထွက်၊ ရင်အုံ၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့