ဇွန်လ ၁၈ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၁၇ ရက်နေ့ ၁၃၃၀ နာရီချိန်တွင် ဦးမျိုးစည်သူ(၄၀) နှစ် မောင်းနှင်လာသော ရွှေစင်စကြာ ခရီးသည်တင်ယာဉ်သည် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာစဉ် ပုလောမြို့နယ်၊ ကဒဲကျေးရွာအရောက်၌ အကြမ်းဖက်သမား Pdf များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်သူဝင်း (မစိုးရိမ်ရ) ဒဏ်ရာနှင့် ဒေါ်စုစု(၄၄) နှစ် တို့ စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ..

– ဇွန်လ ၁၇ ရက်နေ့ ၁၃၁၅ နာရီချိန်တွင် ဦးဝနတိုး(၄၅) နှစ်သည် SKAT ကားဖြင့် ပုလောမြို့သို့လာစဉ် ကဒဲကျေးရွာအရောက်၌ အကြမ်းဖက်သမား PDF များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၇ ရက်နေ့ ၁၁၄၅ နာရီချိန်တွင် မြင်းမူမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်သော ဦးနေအောင်ဝင်း (၃၅) နှစ်အား PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောင်ဇေယျရပ်ကွက်၊ မြို့ရှောင်လမ်း၏ အရှေ့ဘက်အစ္စလာမ်သုဿန်အနီး၌ ဦးခေါင်းပြတ်လျက်သေဆုံးနေကြောင်း တွေ့ရှိရ..

-ဇွန်လ ၁၇ ရက်နေ့ ၀၈၀၀ နာရီချိန်တွင် စေတုတ္တရာမြို့နယ်၊ တပွင်ကျေးရွာသို့ PDF အကြမ်းဖက်သမား ၃၅ ဦးခန့်ရောက်ရှိလာပြီး ကျေးရွာမှ ကိုမှတ် (၃၇) နှစ်၊ သန်းထွန်းဦး (၃၆) နှစ်၊ ဒေါ်ရီ (၅၅) နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၇ ရက်နေ့ ၁၇၃၀ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ ဖေါင်ချဉ်း(မြောက်) ကျေးရွာရှိ ဦးမင်းမြိုင်(၅၅) နှစ်၊ ဦးကျော်အေး (၅၅) နှစ်နှင့် ဦးလမ်းဗိုလ်(ခ) လွမ်းဗိုလ်(၃၅) နှစ်တို့ ၃ ဦးသည် ကြက်ခြံအတွင်းရှိနေစဉ် အကြမ်းဖက် PDF များမှ ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ…

-ဇွန်လ ၁၇ ရက်နေ့ ၁၃၀၅ နာရီချိန်တွင် အောင်လံမြို့နယ်၊ အင်းလယ်ကျေးရွာတွင် နေထိုင်သော ဦးမြင့်ဦး(ခ) ဦးမြင့်စိုးဦးသည် ရွှေပန်းတောင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ်အကြမ်းဖက် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဦး(ခ) ဦးမြင့်စိုးဦးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..