တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ရွှေပြည်အေးမြို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြိုနယ်ထဲက ရွှေပြည်အေးမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၉ လကျော်ကြာ PDF အကြမ်းဖက်များနှင့် ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ဘေးရှိ ဟုမ္မလင်းမြိုအနီးမှ ရွှေပြည်အေးမြို့မှာ ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာမှ ဒီကနေ့တွင် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ရှမ်းနီတိုင်းရင်းသားများနေထိုင်သည့် ရွှေပြည်အေးမြို့ကို တပ်မတော်နှင့်အတူ ရှမ်းနီတပ်ဖွဲများ ပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်နှင့် ရွှေပြည်အေးမြို့ပတ်ဝန်းကျင်ကိုပါ ရှင်းလင်းနေကြောင်း သိရသည်။

ရွှေပြည်အေးမြို့အား သိမ်းပိုက်ထားသည့် KIA/ PDF များ အကျအဆုံးများစွာနှင့် ထွက်ပြေးနေကြရကြောင်း သိရှိရသည်။