အရာတော်မြို့နယ်၊ လယ်တီကျေးရွာတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ လယ်တီကျေးရွာတွင် အများပြည်သူများအား အကြောင်းမဲ့မိုင်းဆွဲ တိုက်ခိုက်ပြီး အလုံးစုံပျက်သုဉ်းရေးကို ဆောင်ရွက်နေသည့် PDF အကြမ်းဖက်သမားများ၏ အဖျက်အမှောက် လုပ်ရပ်များကို မလိုလားသည့် ပြည်သူ၏ သတင်းပေးချက်အရ ၎င်းကျေးရွာရှိ ရွာသားအချို့မှာ PDF အဖွဲ့အစည်းသို့ ဝင်ရောက်၍ အဖျက်အမှောက် လုပ်ရပ်များ လုပ်ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ၎င်းကျေးရွာရှိ နေအိမ်များ အတွင်းသို့ သွားရောက်ရှာဖွေခဲ့ရာ….

  • လက်လုပ်သေနတ် ပြုလုပ်ဆဲ …..၅ လက်
  • လက်လုပ်မိုင်း ပြုလုပ်ဆဲ …….၅ လုံး
  • ယမ်းပျော့ …….၅ ချောင်း
  • ဘတ္ထရီအိုး ……၃ လုံး
  • ယမ်းကြိုး ……၁ ခွေ
  • ဝါယာကြိုး …..၁ ခွေ
  • ပြောက်ကျားအင်္ကျီ ……၃ ထည်
  • ပြောက်ကျား ဘောင်းဘီ ……၁ ထည်
  • ပြောက်ကျား ဦးထုပ် …….၁ လုံး
  • အိုင်ကွန် …….၁ လုံး
  • သံတိုသံစ ….၃ ပိဿာ ၁ အိတ် တို့အား သိမ်ဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။
    PDFတို့အတွက် နေဝင်ချိန်ဟာနီးကပ်လာနေပါပြီ။