မန်စီးတီးက ဟာလန်းရဲ့ လက်ရှိတန်ကြေး

ဟာလန်းရဲ့တန်ကြေးက ယူရို တစ် ဘီလီယံအထိရှိပါတယ် ဒါဟာ ခန့်မှန်းချက်မဟုတ်ပါဘူး လုံးဝကိုသေချာပါတယ် … လူတွေကပြောကြပါလိမ့်မယ် ဒါကဟာသတစ်ခုပဲ ဘယ်ကလပ်က ဒီကစားသမားကို ယူရို တစ် ဘီလီလံထိပေးပြီးဝယ်ပြီးဆိုမလဲတော့ပေါ့ … ဒါပေမယ့် သူ့ရဲ့အသက်အရွယ် အရည်အသွေး တိုးတက်မှုနှုန်း သူ့ရဲ့ပြုမူနေထိုင်မှုပုံစံတွေက ကျွန်တော် ဒီကစားသမားအပေါ် ယူရို တစ် ဘီလီယံထိဈေးသတ်မှတ်ရတဲ့အကြောင်းအရင်းပါပဲ … အနာဂတ်ဆိုတာမသိနိုင်ပါဘူး ဒါပေမယ့် သေချာပေါက်ရောက်ရှိလာမယ့်တစ်နေ့ပါပဲ”

ဒါကတော့ အားလင်းဟာလန်းရဲ့အေးဂျင့်ဖြစ်သူ ရာဖဲလာပိုင်မင်တာရဲ့ ပြင်သစ်အသံလွှင့်ဌာနတစ်ခုမှာ သူ့ကစားသမားရဲ့တန်ကြေးနဲ့ပတ်သက်ပြီးပြောကြားခဲ့တာတွေဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မေလတုန်းက ဒေါ့မွန်အသင်းရဲ့စာချုပ်လျော်ကြေး ပေါင် ၅၁ သန်းနဲ့ မန်စီးတီးအသင်းကိုရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက်ပြိုင်ပွဲစုံ ၃၂ ဂိုးသွင်းယူပေးထားပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သူနဲ့အနီးဆုံးစပ်ဆုံးထိပ်တန်းဂိုးသွင်းရှင် ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေထက် ၅ ဂိုး ပိုမိုသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘာပေကို ခေါ်ယူဖို့အသည်းအသန်ကြိုးစားခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာလန်းကိုခေါ်ယူဖို့အထူးစိတ်ဝင်စားနေပြီး ဘန်ဇီမာအလွန်ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်ကို ကမ္ဘာ့အဆင့်ထိပ်တန်းကြယ်ပွင့်တိုက်စစ်မှူးတစ်ဦးနဲ့အားဖြည့်ဖို့အလိုရှိနေခဲ့တာလည်းဖြစ်ပါတယ်။

crd; #Sport7