KIA တပ်မဟာ(၅)မှ ထွက်ပြေးလာသူ သောင်းကျန်းသူ အဖွဲ့ဝင် ၆ ဦးအား ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒေါဖုန်းယန်မြို့၊ ရပ်ကွက်(၁)၊ မြို့မဘုန်းကြီး ကျောင်းအနီး၌ KIA သောင်းကျန်းသူအဖွဲ့၊ တပ်မဟာ(၅)မှ ထွက်ပြေး လွတ်မြောက်လာသော သောင်းကျန်းသူ လီဆူတိုင်းရင်းသား ၄ ဦးသည် ဘုန်းကြီးကျောင်း မှ ထမင်း/ဟင်းများ လာရောက်တောင်းရမ်းစားသောက်နေကြောင်း သတင်းအရ တာ၀န်ရှိသူများက သွားရောက်စုံစမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စုံစမ်းခဲ့ရာ –

ယင်းနေ့ နံနက် ၉ နာရီ အချိန်တွင် KIA သောင်းကျန်းသူအဖွဲ့မှ ငွါးဖာဝူ ၁၉ နှစ် (ဘ)ဦးငွါးအားဖီ၊ လီဆူ/ခရစ်ယာန်၊ ရေနံကုန်းရပ်ကွက်၊ တနိုင်းမြို့၊ ခီဆာဆဲ ၂၁ နှစ်၊ (ဘ)ဦးယောလီဝူ၊ လီဆူ/ခရစ်ယာန်၊ ဒူးခေါင်းရပ်ကွက်၊ တနိုင်းမြို့၊ ယူမူးဆာ ၂၃ နှစ် (ဘ)ဦးငွါးဖီဆာ၊ လီဆူ/ခရစ်ယာန်၊ မူလာရှီးဒီးရွာ၊ ပူတာအိုမြို့၊ အနောင်ဒွေ့ ၂၁ နှစ် (ဘ)ဦဂခင်စံဖျီ၊ လီဆူ/ခရစ်ယာန်၊ နန်ကျင်ရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူတို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းကြောင်း သိရသည်။

ဖမ်းဆီးရမိ ၄ ဦးအား စစ်ဆေးချက်အရ KIA သောင်း ကျန်းသူ အဖွဲ့၊ တပ်မဟာ(၅)မှ ထွက်ပြေးလွတ်မြောက်လာသည့် KIA သောင်းကျန်းသူ ၂ ဦး ကျန်ရှိ နေသေးကြောင်း စစ်ဆေးသိရှိရသဖြင့် အဆိုပါ ၂ ဦးအား ဖုန်းဖြင့်ချိတ်ဆက်၍ ဆက်သွယ်ခဲ့ရာ သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ယော်လီတာ ၂၆ နှစ်(ဘ)ဦးသိရယ်နော်၊ လီဆူ/ခရစ်ယာန်၊ တောင်သူလုပ်၊ လုံဂန်ယန်ကျေးရွာ၊ ဖားမာအုပ်စု၊ ပူတာအိုမြို့နယ် နှင့် ဇော်ဘာလ ၃၀ နှစ်(ဘ)ဦးငွါးဇခီ၊ လီဆူ/ခရစ်ယာန်၊ တောင်သူလုပ်၊ ညဲဆားလာတီ ကျေးရွာ၊ ပူတာအိုမြို့နယ်နေသူတို့ ၂ ဦးသည် တပ်မတော်သို့ လာရောက် အဖမ်းဆီးခံခဲ့ပြီး တပ်ရင်းဗဟိုကင်းတွင် ချုပ်နှောင်ထားရှိကြောင်းနှင့် ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။