ဖားကန့် မှာ မြေပြိုကျမှုဖြစ်ပွား

ကချင်ပြည်နယ် ဖားကန့် မှာ မြေပြိုကျမှုဖြစ်ပြီး ရေမဆေးရှာနေသူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ ဩဂုတ် ၁၃ ရက်နေ့ နေ့လယ် ၃ နာရီကျော်အချိန့်က ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊မနမှော်မှာ မြေပြိုကျပြီး ရေမဆေးရှာနေသူ ၁၀ ဦးလောက်ထိခိုက်ဒဏ်ရာရရှိ သေဆုံးသူများလည်းရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိတော့ ထိခိုက်သေဆုံးမှု အသေးစိတ်ကို ဆက်စုံစမ်းနေတယ်လို့ လညိး သိရပါတယ်။

(မြန်မာ့ပလက်ဖောင်း)