ဘဝအတွက် စာစုလေးများ

ဘဲတစ်ကောင်ရေကူးနေတာကို မြင်ယောင်ကြည့်ပါ။

ဘဲလေးဟာ ရေပေါ်မှာ တည်တည်ငြိမ်ငြိမ် သွားလာနေပေမယ့် ရေအောက်မှာတော့ သူ့ရဲ့ခြေထောက်က အဆက်မပြတ် ကူးခတ်နေရပါတယ်။

(တစ်နည်းအားဖြင့်ပြောရရင် ရေထဲမမြုပ်သွားအောင် ခြေထောက်ကို ဆက်တိုက်ခတ်ပြီး ရုန်းကန်နေရပါတယ်။)

အခုခေတ် Social Media တွေ ပေါ်လာတဲ့အခါ လူတော်တော်များများလည်း Duck Syndrome ကို ခံစားလာရပါတယ်။

ဘာကြောင့်လဲ?

လူတိုင်းက သူတို့ရဲ့ အပေါ်ယံကောင်းကွက်တွေချည်းပဲ Social Media ပေါ်မှာ တင်ကြပါတယ်။

− ဆိုင်ကောင်းကောင်းမှာ ညစာသွားစားတဲ့ပုံတွေတင်တယ်။
− iPhone, လက်ကိုင်အိတ် ဝယ်လိုက်တဲ့ပုံတွေ တင်ကြတယ်။
− Luxury ခရီးတွေ ထွက်နေတဲ့ပုံတွေတင်ကြတယ်။
− Surprise လက်ဆောင်ရတဲ့အကြောင်း ရေးတင်ကြတယ်။
− ဝင်ငွေဘယ်လောက်ရကြောင်း၊ မိဘကို ဘယ်လိုပြုစုကြောင်း တင်ကြတယ်။

စသဖြင့် လူအများစု တင်လိုက်တဲ့ Post တွေရဲ့ 95% က အကောင်းတွေချည်းပါပဲ။

▪️Psychologists တွေရဲ့ စကားနဲ့ပြောရရင် လူတိုင်းက သူတို့ဘဝရဲ့ highlight တွေကိုပဲ social media ပေါ် တင်ကြတာပါ။▪️

============

ဒီလိုမျိုး လူအများရဲ့ ကောင်းကွက်တွေကို မြင်တွေ့ရဖန်များလာတဲ့အခါ လူတိုင်းရဲ့ စိတ်ထဲမှာ သူများတွေဘဝက သာယာလိုက်တာ၊ အပူအပင်ကင်းလိုက်တာ လို့တွေးမိပြီး ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်လာကြတယ်။

ဒါဟာ Duck Syndrome ပါပဲ။

▪️Social Media ပေါ်က သူများတွေရဲ့ ကောင်းကွက်တွေကို မြင်ရလေလေ ကိုယ့်ဘဝကိုယ် မကျေနပ်၊ အားမရဖြစ်လာလေလေပါပဲ။▪️

စိတ်ပညာလေ့လာမှုတွေအရ Social Media အသုံးများတဲ့လူတွေမှာ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကို Social Media သိပ်မသုံးတဲ့သူတွေထက် ပိုခံစားရတယ်လို့ဆိုပါတယ်။

Stamford တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာလည်း ဘဝကို အပူအပင်ကင်းကင်းနဲ့ သာယာပျော်ရွှင်စွာ ဖြတ်သန်းနေတယ်လို့ လူအများထင်ကြတဲ့လူတော်တော်များများက တကယ်တမ်း ဘဝမှာ ပိုရုန်းကန်နေကြရပါတယ်တဲ့။ သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တဒင်္ဂမေ့သွားအောင် social media ပေါ်မှာ ကောင်းကွက်တွေပဲ ရွေးတင်နေကြတာပါ။

============

ဒါဆိုရင် Duck Syndrome မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?

✅တကယ်တော့ လူတိုင်း အခက်အခဲ၊ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ ထုတ်မပြတာပဲရှိတာပါ။

✅လူတိုင်းမှာ ကိုယ်မသိတဲ့ ဒုက္ခတွေ၊ ပြဿနာတွေ ရှိနေတယ်ဆိုတာ အမြဲတမ်းသတိရပါ။

✅သူများတွေရဲ့ highlight နဲ့ ကိုယ့်ရဲ့ darkside တွေကို သွားမယှဉ်ပါနဲ့။

✅တကယ်အခက်အခဲဖြစ်နေရင် အပြင်မှာခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အကူအညီတောင်းပါ။

ဒါဆိုရင် ကိုယ်တစ်ယောက်တည်း ပြဿနာတွေရှိနေတယ်လို့ မခံစားရတော့သလို Duck Syndrome လည်း မဖြစ်တော့ပါဘူး။

Credit