စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲအာရုံပြောင်းလိုက်ပါ

အဆိုးလောကဓံကို
ဘယ်သူမှမကြုံချင်ကြဘူး.

ဒီတော့ကြုံလာရင် စိတ်ညစ်မယ်.ပုထုဇဉ်ပဲ ညစ်ပေါ့..

အေး ကိုယ့်စိတ်တိုင်းကျ
စိတ်ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာရှိတာ
ဆက်လုပ်ကြဖို့ပဲ..

စိတ်ညစ်စရာလည်းညစ်
တစ်နေ့တာ ကိုယ်လုပ်စရာ
ရှိတာလည်းလုပ်ပေါ့..

အဓိကကတော့
စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာကိုယ်လုပ်ရမယ့်
ဒါန သီလ ဘာဝနာဆိုတဲ့
ကုသိုလ်တရားအလုပ်လေးတွေ
ပျက်မသွားဖို့ပဲ အရေးကြီးတယ်နော်၊

ဒီတော့
စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့
ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်ပါ။

🙏🙏🙏

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ